အရာရှိမြေတိုင်းသင်တန်း အမှတ်စဉ်(၅၀) ဖွင့်လှစ်ခြင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာန၊ မြန်မာနိုင်ငံ မြေတိုင်းကျောင်း အရာရှိမြေတိုင်းသင်တန်း အမှတ်စဉ်(၅၀)ဖွင့်ပွဲကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့ တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ အဆိုပါသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံမြေတိုင်းကျောင်း ကျောင်းအုပ်ကြီး(ညွှန်ကြားရေးမှူး) ဦးသန်းကျော် မှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းသို့ မြေတိုင်းဦးစီးဌာနမှ အရာရှိသင်တန်းသား(၁၅)ဦးတက်ရောက်ပြီး သင်တန်း ကာလမှာ (၁၂)လကြာမြင့်မည်ဖြစ်သည်။

Go to top