မြေတိုင်းသင်တန်းဆင်းပွဲ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာန၊ လေ့ကျင့်သင်ကြားရေးနှင့် အမှတ်(၁)မြေတိုင်းဌာနခွဲ၊  မြန်မာနိုင်ငံမြေတိုင်းကျောင်း၌ တန်းမြင့်မြေတိုင်းသင်တန်း အမှတ်စဉ်(၆၂)နှင့် မှန်ပြောင်းသင်တန်းအမှတ်စဉ်(၃၆)တို့၏ သင်တန်းဆင်းအောင် လက်မှတ်ပေးအပ်ပွဲကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ(၃၀)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံမြေတိုင်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးသန်းကျော်မှ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး ထူးချွန်သင်တန်းသားများအားဆုများချီးမြှင့်ပါသည်။ သင်တန်းအုပ်ချုပ်ရေးမှူး ဦးဌေးလှိုင်မှ သင်တန်းသားများအား သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့ပါသည်။
အဆိုပါသင်တန်းသို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတို့မှ သင်တန်းသား စုစုပေါင်း (၂၉)ဦး တက်ရောက်ခဲ့ကြပါသည်။

Go to top