ဝန်ထမ်းသားသမီးများအား ကျောင်းသုံးစာအုပ်နှင့်စာရေးကိရိယာများ ပေးအပ်ပွဲအခမ်းအနား ကျင်းပခြင်း

ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာန၊ လေ့ကျင့်သင်ကြားရေးနှင့်အမှတ်(၁)မြေတိုင်းဌာနခွဲ(ပြင်ဦးလွင်)ရှိ ဝန်ထမ်းသားသမီးများအား ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို (၂၁.၇.၂၀၁၅) ရက်နေ့တွင် မြန်မာနိုင်ငံ မြေတိုင်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ လေ့ကျင့်သင်ကြားရေးနှင့်အမှတ်(၁)မြေတိုင်းဌာနခွဲမှ အရာထမ်း၊ အမူထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြပြီး၊ ဦးအောင်မြင့်ကြည် (ဒုတိယညွှန်ကြားရေးမှူး)၊ ဦးမောင်မောင်ထွေး (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဦးဌေးလှိုင် (လက်ထောက်ညွှန်ကြားရေးမှူး) တို့က ဝန်ထမ်းသားသမီးများအား  ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ ပေးအပ်ခဲ့ကြပါသည်။

Go to top