အလယ်အလတ်အဆင့်မြေတိုင်းသင်တန်း နှင့် အခြေခံမြေတိုင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊    ပြင်ဦးလွင်မြို့၊   သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာန၊ လေ့ကျင့်သင်ကြားရေးနှင့်အမှတ်(၁)မြေတိုင်းဌာနခွဲ၊ ၂၀၁၆-၂၀၁၇ ခု၊ မြေတိုင်းပညာသင်နှစ်၊ မြန်မာနိုင်ငံမြေတိုင်းကျောင်းတွင် အလယ်အလတ်အဆင့်မြေတိုင်းသင်တန်း အမှတ်စဉ်(၆၄) နှင့် အခြေခံမြေတိုင်းသင်တန်း အမှတ်စဉ်(၇၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ(၃)ရက်၊ နံနက်(၁၀:၀၀)နာရီက အဆိုပါမြေတိုင်းသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြေတိုင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစောလှနိုင်က အမှာစကား ပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားသည်။
အဆိုပါဖွင့်လှစ်ခဲ့သော အလယ်အလတ်အဆင့်မြေတိုင်းသင်တန်းတွင် သင်တန်းသား (၅)ဦးနှင့် အခြေခံမြေတိုင်းသင်တန်းတွင် သင်တန်းသား (၂၂)ဦးတို့ တက်ရောက်ကြပါသည်။
နံနက် (၁၁:၀၀) နာရီတွင် သင်တန်းဖွင့်ပွဲအခမ်းအနား အောင်မြင်စွာပြီးစီးခဲ့ပါသည်။

Go to top