မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ မြေတိုင်းဌာနများ အစည်းအဝေးကျင်းပခြင်း

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ မြေတိုင်းဌာနများ အစည်းအဝေးကို ( ၁၃ - ၆ - ၂၀၁၆ )  ရက်နေ့မှ ( ၁၅ -  ၆ - ၂၀၁၆ ) ရက်နေ့အထိ မြန်မာနိုင်ငံ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင် ဦးဆောင်၍ ကိုယ်စားလှယ်(၁၇)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ် မြေတိုင်းဌာန၊ ညွှန်ကြားရေးမှူးချုပ် Brigadier General Md. Abul Khair, ndc, PEngg ဦးဆောင်၍ ကိုယ်စားလှယ်(၈)ဦး တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်းပိုင်းနယ်နိမိတ်ရှိ နယ်နိမိတ်မှတ်တိုင်များအား (၂၀၁၆-၂၀၁၇) ခုနှစ် ကွင်းဆင်းရာသီအတွင်း ပူးတွဲ စစ်ဆေးခြင်း၊ ပြင်ဆင်ခြင်း၊ ပြုပြင်မွမ်းမံခြင်းနှင့် မှတ်တိုင်များ အသစ်စိုက်ထူခြင်း လုပ်ငန်းများဆောင်ရွက်ရန်အတွက် ဆွေးနွေးခဲ့ကြပါသည်။

Go to top