အဆင့်(၄)ကို ရှင်းပြပါ။
နယ်နိမိတ်စီမံအုပ်ချုပ်ခြင်း ( Administration of Boundary ) အဆင့်ဖြစ်ပါသည်။ တိုင်းတာသတ်မှတ်ပြီး နယ်နိမိတ်ကို ထိန်းသိမ်းခြင်း၊ စီမံခန့်ခွဲခြင်း၊ အုပ်ချုပ်ခြင်းတို့ ဖြစ်ပါသည်။ နယ်နိမိတ် စီမံအုပ်ချုပ်ခြင်းတွင် နယ်နိမိတ်မှတ်တိုင်များ ပြုပြင် ထိန်းသိမ်းခြင်း၊ နယ်နိမိတ်မြစ်ကြောင်းများမပြောင်းလဲအောင် ထိန်းသိမ်း စောင့်ရှောက် ခြင်း၊ မြစ်ကြောင်းအတွင်း ရေကြောင်းသွားလာရေးကိစ္စ၊ ရေကို ခွဲဝေသုံးစွဲရေးကိစ္စများ ပါဝင်ပါသည်။ သီးခြားကော်မတီများ ဖွဲ့စည်းတာဝန်ပေးလေ့ရှိပါသည်။ သက်ဆိုင်ရာ ဒေသအာဏာပိုင်များ အချင်းချင်းပူးတွဲဆောင်ရွက်နိုင်ရန် ဗဟိုအဆင့်မှ စီစဉ် ဆောင်ရွက် ပေးပါသည်။