မြေတိုင်းဦးစီးဌာနအား မည်သည့်အချိန်မှစတင်၍ တည်ထောင်ခဲ့သည်ကို သိရှိလိုပါသည်။
မြေတိုင်းဦးစီးဌာနအား ၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်နေ့မှစ၍ မြန်မာနိုင်ငံမြေတိုင်းဌာန (Burma Survey Department) အမည်ဖြင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ လက်အောက်၌ စတင်တည်ထောင်ဖွဲ့စည်းခဲ့ပါသည်။
မြေတိုင်းဦးစီးဌာနတွင် ဖွဲ့စည်းထားရှိသည့် ဌာနခွဲများနှင့် တည်ရှိသည့်နေရာဒေသများကို သိရှိလိုပါသည်။
မြေတိုင်းဦးစီးဌာနတွင် (၁) ညွှန်ကြားရေးမှူးချုပ်ရုံး၊ (၂) နယ်နိမိတ်တိုင်းတာရေးနှင့်မြို့ပြ ဆောက်လုပ်ရေးမြေတိုင်းဌာနခွဲ၊ (၃) ဘူမိပမာဏနှင့်အမှတ်(၂) မြေတိုင်းဌာနခွဲ၊ (၄)ကောင်းကင်မြေတိုင်းနှင့်...
မြေတိုင်းဦးစီးဌာနသည် လယ်ယာမြေများတိုင်းတာခြင်းမြေယာပိုင်ဆိုင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ မြို့ရွာနှင့်
အိုးအိမ်ဖွံ့ဖြိုးရေး အတွက်မြေကွက်အသစ်များဖော်ထုတ်ပေးခြင်း စသည်တို့ကိုဆောင်ရွက်ပေးခြင်း ရှိ/မရှိ သိရ...
လယ်ယာမြေများတိုင်းတာခြင်း၊ မှတ်ပုံတင်ခြင်းနှင့် မြေယာပိုင်ဆိုင်မှုလုပ်ငန်းများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ လယ်ယာမြေစီမ...
မြေတိုင်းဦးစီးဌာန၏ အဓိကလုပ်ငန်းတာဝန်များကို သိရှိလိုပါသည်။
မြေတိုင်းဦးစီးဌာန၏ အဓိကလုပ်ငန်းတာဝန်များမှာ (၁) တစ်နိုင်ငံလုံး၏ မြေမျက်နှာသွင်ပြင်ပြမြေပုံ(Topographical Map) များထုတ်လုပ်ခြင်း၊ (၂) နယ်နိမိတ် တိုင်းတာခြင်းလုပ်ငန်းနှင့် (၃) မြေတိုင်းပညာရပ်များ သင်ကြားပို့ချခြင်းတို့ဖ...
UTM ၏ အဓိပ္ပါယ်ကို သိရှိလိုပါသည်။
UTM ဆိုသည်မှာ Universal Transverse Mercator ဖြစ်ပါသည်။ မြေပုံအရိပ်ချစနစ် များစွာရှိသည့်အနက် ဆလင်ဒါပုံသဏ္ဍန်အရိပ်ချ မြေပုံရေးဆွဲခြင်း စနစ်ဖြစ်ပါသည်။ ကမ္ဘာသုံးမြေပုံအရိပ်ချစနစ်ဟုလည်းခေါ်ပါသည်။
လက်ရှိ UTM မြေပုံများသည် မည်သည်ကို အခြေခံ၍ ရေးဆွဲထားပါသလဲ။ (ဥပမာ၊ ကောင်းကင်ဓာတ်ပုံ၊ ဂြိုလ်တုဓာတ်ပုံ)
လက်ရှိ UTM မြေပုံများသည် ကောင်းကင်ဓာတ်ပုံများအား အခြေခံ၍ ရေးဆွဲထားပါသည်။
ကောင်းကင်ဓာတ်ပုံများကို မည်ကဲ့သို့ရရှိပါသလဲ။
ကောင်းကင်ဓာတ်ပုံများအား မြေတိုင်းဦးစီးဌာနမှ လေယာဉ်ပျံဖြင့် ရိုက်ကူးထုတ်လုပ်ထားခြင်းဖြစ်ပါသည်။
ကောင်းကင်ဓာတ်ပုံများရိုက်ကူးရန်အတွက် မည်သည့်ကိရိယာများလိုအပ်ပါသလဲ။
ကောင်းကင်ဓာတ်ပုံများရိုက်ကူးရန်အတွက် ကောင်းကင်ဓာတ်ပုံရိုက်ကူးသည့် လေယာဉ်ပျံ၊ ကောင်းကင်ဓာတ်ပုံ ရိုက်ကူးသည့် ကင်မရာများလိုအပ်ပါသည်။
မြေတိုင်းဦးစီးဌာနမှ ရိုက်ကူးထုတ်လုပ်သည့် ကောင်းကင်ဓာတ်ပုံများအား အခြားသော ဦးစီးဌာနများမှ ဝယ်ယူရရှိ နိုင်ပါသလား။
ဝယ်ယူရရှိနိုင်ပါသည်။ ကာကွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ရောင်းချပေးပါသည်။
UTM မြေပုံများထုတ်လုပ်ထားသည့် စကေးများကို သိရှိလိုပါသည်။
မြေတိုင်းဦးစီးဌာနမှ UTM မြေပုံများအား စကေး(၃)မျိုးဖြင့် ထုတ်လုပ်ထားပါသည်။
(က) ၁:၅၀၀၀၀၊ (ခ) ၁:၁၀၀၀၀၀၊ (ဂ) ၁:၂၅၀၀၀၀ တို့ဖြစ်ပါသည်။
Developed By Bagan Innovation Technology