ပညာရည်ချွန်ဆု ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ပွဲ ကျင်းပပြုလုပ်ခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး(နေပြည်တော်)၌ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာဖြင့် အောင်မြင်ခဲ့ကြသော ဝန်ထမ်းသား/သမီးများအား ပညာရည်ချွန်ဆု ဂုဏ်ပြုဆုငွေ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်သည့်အခမ်းအနားကို (၁၀.၇.၂၀၁၈) ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ 
အခမ်းအနားတွင် မြေတိုင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် ညွှန်ကြားရေးမှူး(စီမံ) တို့မှ ပညာရည်ချွန်ဆုရ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုငွေ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ 
အဆိုပါ အခမ်းအနားသို့ မြေတိုင်းဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ ပညာရည်ချွန်ဆုရ ကျောင်းသား/ကျောင်းသူများနှင့်မိသားစုများ တက်ရောက်ခဲ့ကြပါသည်။

Go to top