အခြေခံမြေတိုင်းသင်တန်း အမှတ်စဉ် (၇၇) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာန၊ လေ့ကျင့်သင်ကြားရေးနှင့်အမှတ်(၁)မြေတိုင်းဌာနခွဲ၊ မြန်မာနိုင်ငံမြေတိုင်းကျောင်း(ပြင်ဦးလွင်)၌ ၂၀၁၈-၂၀၁၉ ခုနှစ်၊ မြေတိုင်းပညာသင်နှစ်အတွက် အခြေခံမြေတိုင်းသင်တန်းအမှတ်စဉ် (၇၇) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၈)ရက်၊ နံနက် (၁၀:၀၀)နာရီတွင် အဆိုပါ မြေတိုင်းသင်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
မြေတိုင်းဦးစီးဌာန၊ လေ့ကျင့်သင်ကြားရေးနှင့်အမှတ်(၁)မြေတိုင်းဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးကျော်ဌေးမှ အဖွင့်အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့ပါသည်။ အဆိုပါ   ဖွင့်လှစ်ခဲ့သော အခြေခံမြေတိုင်းသင်တန်းတွင် သင်တန်းသား (၂၆)ဦး တက်ရောက်မည်ဖြစ်ပါသည်။
နံနက် (၁၁:၀၀)နာရီတွင် သင်တန်းဖွင့်ပွဲအခမ်းအနား အောင်မြင်စွာပြီးစီးခဲ့ပါသည်။

Go to top