မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ မြေတိုင်းဌာနအကြီးအကဲများ အစည်းအ‌ဝေးကျင်းပခြင်း

          (၁၁) ကြိမ်မြောက် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ မြေတိုင်းဌာနအကြီးအကဲများအစည်းအ‌ဝေးကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၇)ရက်နေ့ မှ  (၂၈)ရက်နေ့အထိ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင်  ကျင်းပပြုလုပ်ခဲ့ပါသည်။

          မြန်မာကိုယ်စားလှယ်အဖွဲ့အား မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသက်ဦးမှ ဦးဆောင်၍ အိန္ဒိယကိုယ်စားလှယ်အဖွဲ့အား အိန္ဒိယမြေတိုင်းဌာန၊ ညွှန်ကြားရေးမှူးချုပ်  Lt. Gen Girish Kumar, VSM မှ ဦးဆောင်ခဲ့ကြပါသည်။

          အစည်းအဝေးတွင် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ နယ်နိမိတ်တစ်လျှောက် နယ်နိမိတ်မှတ်တိုင်များ စစ်ဆေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ ထပ်တိုးနယ်နိမိတ်မှတ်တိုင်များတည်ဆောက်ခြင်း၊ (၁၀) မီတာ အတွင်း အဆောက်အဦမဆောက်လုပ်ရဇုန်စစ်ဆေးခြင်း၊ ကဘော်ချိုင့်ဝှမ်းဒေသတွင် မြေပြင်အချက်အလက် များ ကောက်ယူခြင်းစသည့် ဆောင်ရွက်ပြီးစီးခဲ့သည့်လုပ်ငန်းများအတည်ပြုနိုင်ရန်နှင့် ၂၀၁၈-၁၉ ခုနှစ် ကွင်းဆင်းရာသီအတွင်း နယ်နိမိတ်လုပ်ငန်းများ ပူးတွဲကွင်းဆင်းဆောင်ရွက်ရန်အတွက် ဆွေးနွေးခဲ့ကြ ပါသည်။

 

Go to top