မြေတိုင်းခြင်းနှင့်မြေပုံထုတ်လုပ်ခြင်း နည်းပညာဆိုင်ရာ စာတမ်းများ ဖတ်ကြားခြင်း

           သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာန၏ စာတမ်းဖတ်ပွဲအခမ်းအနားကို ပြင်ဦးလွင်မြို့၊ လေ့ကျင့်သင်ကြားရေးနှင့်အမှတ်(၁)မြေတိုင်းဌာနခွဲ၊ မြန်မာ နိုင်ငံမြေတိုင်းကျောင်း၊ အစည်းအဝေးခန်းမတွင် ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့ မွန်းလွဲ (၁)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအခမ်းအနားတွင် မြန်မာနိုင်ငံမြေတိုင်းကျောင်း၊ ညွှန်ကြားရေးမှူး(ကျောင်းအုပ်ကြီး)မှ အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားခဲ့ပါသည်။
           စာတမ်းဖတ်ပွဲအခမ်းအနားတွင် ဦးကိုကိုမောင် (လက်ထောက်ညွှန်ကြားရေးမှူး) က Chair Person အဖြစ် ဆောင်ရွက်ပြီး ဦးချစ်မင်းဇော် (ဦးစီးအရာရှိ)မှ Ultra Map Software ကို အသုံးပြု၍ Image Processing ပြုလုပ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးသီဟအောင် (ဦးစီးအရာရှိ)မှ Match – AT Software ကို အသုံးပြု၍Aerial Triangulation ဆောင်ရွက်ခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးလတ်မင်းအောင် (ဦးစီးအရာရှိ)မှ DTM Editing And Contour Generation For UTM Map ခေါင်းစဉ်ဖြင့်လည်းကောင်း၊ဦးဝေဖြိုးအောင် (ဦးစီးအရာရှိ)မှ UTM Drawing Data များကို အသုံး ပြု၍ စကေးကြီး Project Map ရေးဆွဲခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဖတ်ကြားခဲ့ ပါသည်။
           အခမ်းအနားသို့ အဆင့်မြင့်မြေတိုင်းသင်တန်းသားများနှင့် အရာထမ်းအမှုထမ်း (၅၀)ဦး တက်ရောက်ခဲ့ကြပြီး (၁၆: ၃၀)နာရီတွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

 

Go to top