မြေတိုင်းခြင်းနည်းပညာဆိုင်ရာ စာတမ်းများ ဖတ်ကြားခြင်း

     မြေတိုင်းခြင်းနည်းပညာဆိုင်ရာစာတမ်းဖတ်ပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက် နေ့ မွန်းလွဲ (၂) နာရီတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြေတိုင်းဦးစီး ဌာန(နေပြည်တော်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအခမ်းအနားတွင် မြေတိုင်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
     စာတမ်းဖတ်ပွဲအခမ်းအနားတွင် ဦးအောင်ကျော်ဦး(ဒုတိယညွှန်ကြားရေးမှူး)က Chair person အဖြစ် ဆောင်ရွက်ပြီး ဦးကျော်မင်း(ဦးစီးအရာရှိ)မှ Total Station Nivo 1C ဖြင့် အခွန်တော်မြေတိုင်းခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးလေးနိုင်(ဦးစီးအရာရှိ)မှ Geo Max 35 – 1 ² Pro Total station ဖြင့် မြေတိုင်းတာခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးသန်းထိုက်ထွန်း(ဦးစီးအရာရှိ)မှ Geo Max Zoom 80 Robotic Total Station ကိုင်တွယ်အသုံးပြု တိုင်းတာခြင်းဆိုင်ရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသီးသီး ဖတ်ကြားခဲ့ပါသည်။
     ညနေ (၄: ၃၀)နာရီတွင် အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

Go to top