ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာန

မြေတိုင်းဦးစီးဌာန(ရုံးချုပ်)နေပြည်တော်၌ LEICA VIVA GNSS GS15 တိုင်းတာ ရေးကိရိယာများနှင့်  ဆက်စပ်သည့်  Software  များ  ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်း အား( ၁၉-၁-၂၀၁၅ )ရက်နေ့မှ( ၂၂-၁-၂၀၁၅ ) ရက်နေ့အထိ ( ၄ )ရက်ကြာ ဖွင့်လှစ် သင်ကြား   ပို့ချခဲ့ပါသည်။
သင်တန်းပြီးဆုံးသည့်နေ့တွင် ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပြီး စင်္ကာပူနိုင်ငံ Leica ကုမ္ပဏီမှ Senior Regional Technical Support Engineer, Mr. Alec Yeung က သင်တန်းဆင်းလက်မှတ်များ  ပေးအပ်ခဲ့ပါသည်။
အဆိုပါသင်တန်းသို့ မြေတိုင်းဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း ( ၃၀ )ဦး တက်ရောက်ခဲ့ပါသည်။

Go to top