မြေတိုင်းတာခြင်းလုပ်ငန်းဖြင့် အာဆီယံဒေသတွင်း ရွှေ့ပြောင်းသွားလာ အသက်မွေးဝမ်းကြောင်းပြုနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခြင်း

မြေတိုင်းဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်၌ မြေတိုင်းတာခြင်းလုပ်ငန်းဖြင့် အာဆီယံဒေသ တွင်း ရွှေ့ပြောင်းသွားလာအသက်မွေးဝမ်းကြောင်းပြုနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးအား        ( ၈ - ၇ - ၂၀၁၅ ) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင် နှင့် Australia နိုင်ငံအခြေစိုက် Land Equity International မှ Project Coordinator, Ms. Kate Fairlie တို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ကြပါသည်။
အခမ်းအနားသို့ မြေတိုင်းဦးစီးဌာနမှ အရာထမ်းများနှင့် Land Equity International၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ၊ လမ်းဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ Geocomp Myanmar Limited၊ Myanmar Engineering Society၊ Suntac Technologies Co., Ltd.၊ Concordia International Co., Ltd.၊ Amigos International Co., Ltd. နှင့် Asia Air Survey ( Myanmar) Co., Ltd. တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါညှိနှိုင်းအစည်းအဝေးတွင်  မြေတိုင်းတာခြင်းနှင့် မြေပုံရေးဆွဲခြင်းဆိုင်ရာအချက်အလက်များ အကြောင်းအား မြေတိုင်းဦးစီးဌာနမှလည်းကောင်း၊ အခွန်တော်မြေတိုင်းတာခြင်းနှင့်စည်းမျဉ်း ဥပဒေများအကြောင်းအား လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှလည်းကောင်း၊ ရေကြောင်းတိုင်းတာခြင်းနှင့်စည်းမျဉ်းဥပဒေများအကြောင်းအား ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှလည်းကောင်း၊ သတ္တုတူးဖော်ရေးဆိုင်ရာမြေတိုင်းတာခြင်းနှင့်စည်းမျဉ်း ဥပဒေများအကြောင်းအား ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနမှလည်းကောင်း၊ အင်ဂျင်နီယာမြေတိုင်းတာခြင်းနှင့်စည်းမျဉ်းဥပဒေများအကြောင်းအား Myanmar Engineering Society မှလည်းကောင်း PowerPoint Presentation များဖြင့် အသီးသီးရှင်းလင်းပြောကြား ခဲ့ကြပြီး Ms. Kate Fairlie ကသိရှိလိုသည်များအားမေးမြန်းခြင်း၊ တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

Go to top