Spectra Precision SP 80 GPS သင်တန်း ဖွင့်လှစ်သင်ကြားခြင်း

မြေတိုင်းဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်၌ Spectra Precision SP 80 GPS ကိရိယာနှင့်  ဆက်စပ်သည့်  Software  များ  ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်းအား ( ၁၃-၁၀-၂၀၁၅ ) ရက်နေ့မှ  ( ၁၅-၁၀-၂၀၁၅ ) ရက်နေ့အထိ ( ၃ )ရက်ကြာ ဖွင့်လှစ်ပေးခဲ့ပါသည်။
အဆိုပါသင်တန်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Spectra Precision Division ၏ Field Application Engineer ဖြစ်သူ Mr. Kevin He မှ သင်ကြားပို့ချပေးပြီး၊ မြေတိုင်းဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း ( ၁၉ )ဦး တက်ရောက်ခဲ့ပါသည်။ 

Go to top