မြေတိုင်းဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်၌ Leica Geosystems Technologies Pte. Ltd. (Singapore) မှ Leica GNSS Receiver နှင့် Antenna တို့အား အသုံးပြု၍ Survey Reference Station တည်ဆောက်ခြင်းနှင့်ပတ်သက်သည့် Presentation ကို ( ၅ - ၄ - ၂၀၁၆ ) ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တက်ရောက်ခဲ့ပြီး၊ Leica Geosystems Technologies Pte. Ltd. မှ Segment Manager ဖြစ်သူ Mr. Neil Ashcroft မှ Survey Reference Station (Continuously Operating Reference Station - CORS) အကြောင်း နှင့် Leica Products များဖြစ်သည့် Leica GR25 GNSS Receiver ၊ Leica GR30 GNSS Receiver ၊ Leica GR50 GNSS Receiver ၊ Leica AR25 GNSS Antenna ၊ Leica AR20 GNSS Antenna နှင့် Leica AR10 GNSS Antenna တို့အားအသုံးပြု၍ CORS တည်ဆောက်ခြင်းများကို PowerPoint ဖြင့် ရှင်းလင်းပြသခဲ့ပါသည်။
အဆိုပါပွဲသို့ မြေတိုင်းဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။