အခြေခံမြေတိုင်းသင်တန်း အမှတ်စဉ်(၇၅) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာန၊ မြန်မာနိုင်ငံမြေတိုင်းကျောင်း၊ အခြေခံမြေတိုင်းသင်တန်း အမှတ်စဉ် (၇၅) ၏ သင်တန်းဆင်းပွဲအခမ်းအနားကို မြန်မာနိုင်ငံသစ်တောကျောင်း၊ အခြေခံသစ်တောပညာသင်တန်း အမှတ်စဉ် (၁၁၂) နှင့်ပူးတွဲ၍ ပြင်ဦးလွင်မြို့၌   (၂၁- ၁၁- ၂၀၁၆) ရက်နေ့တွင် ကျင်းပခဲ့ပါသည်။
နံနက် (၇ : ၃၀) နာရီအချိန်တွင် သင်တန်းသားများမှ ပြည်ထောင်စုဝန်ကြီးအား စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ သင်တန်းဆင်း မိန့်ခွန်းပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ  အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ ယခုပညာသင်နှစ်တွင် မြေတိုင်းပညာသင်တန်းသား (၂၂) ဦးနှင့် သစ်တောပညာသင်တန်းသား (၇၈) ဦး သင်တန်းဆင်းခဲ့ကြပါသည်။

Go to top