အဆင့်မြင့် မြေတိုင်းသင်တန်းအမှတ်စဉ်(၅၂)၊ အလယ်အလတ်အဆင့်မြေတိုင်းသင်တန်းအမှတ်စဉ်(၆၆)နှင့် အခြေခံမြေတိုင်းသင်တန်းအမှတ်စဉ်(၇၇) တို့၏ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

        သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာန၊ မြန်မာနိုင်ငံမြေတိုင်းကျောင်း၌ ၂၀၁၈-၂၀၁၉ ခု၊ မြေတိုင်းပညာသင်နှစ်၊ အဆင့်မြင့်မြေတိုင်းသင်တန်းအမှတ်စဉ်(၅၂)၊ အလယ်အလတ်အဆင့်မြေတိုင်းသင်တန်း အမှတ်စဉ်(၆၆)နှင့် အခြေခံ မြေတိုင်းသင်တန်း အမှတ်စဉ်(၇၇)တို့၏ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့တွင်  ပြင်ဦးလွင်မြို့ရှိ အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
    အခမ်းအနားတွင် မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်းအမှာစကား ပြောကြားပြီး၊ သင်တန်းအသီးသီးတို့မှ ထူးချွန်သင်တန်းသားတို့အား ဆုများ ချီးမြှင့်ခဲ့ပါသည်။  ဆက်လက်၍ သင်တန်းအုပ်ချုပ်ရေးမှူးမှ အောင်လက်မှတ်များ ပေးအပ်ခဲ့ကြပါသည်။
      အဆင့်မြင့်မြေတိုင်းသင်တန်း အမှတ်စဉ်(၅၂)မှ သင်တန်းသား(၈)ဦး၊ အလယ်အလတ်အဆင့်မြေတိုင်းသင်တန်း အမှတ်စဉ်(၆၆)မှ သင်တန်းသား(၉)ဦးနှင့်အခြေခံမြေတိုင်းသင်တန်းအမှတ်စဉ် (၇၇) မှ သင်တန်းသား(၃၁)ဦး၊ စုစုပေါင်း (၄၈)ဦး သင်တန်းဆင်းခဲ့ကြပါသည်။
        နံနက် (၁၁:၃၀)နာရီတွင် သင်တန်းဆင်းအောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနား အောင်မြင်စွာပြီး မြောက်ခဲ့ပါသည်။

Go to top