မြေတိုင်းဦးစီးဌာနမှ ဒုတိယဦးစီးမှူးရာထူးနေရာများအတွက် အလုပ်လျှောက်လွှာခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

မြေတိုင်းဦးစီးဌာန

အလုပ်လျှောက်လွှာခေါ်ယူခြင်း

၁။ မြေတိုင်းဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ ရာထူးနေရာများအတွက် သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများလျှောက်ထားနိုင်ပါသည်။

စဉ်          ရာထူးအမည်                             လစာနှုန်း                           လစ်လပ်ဦးရေ

(က)         ဒုတိယဦးစီးမှူး          (၂၁၆၀၀ဝိ - ၂၀၀ဝိ - ၂၂၆၀၀ဝိ)           ကျား (၁၂)ဦး

(ခ )         ဒုတိယဦးစီးမှူး           (၂၁၆၀၀ဝိ - ၂၀၀ဝိ - ၂၂၆၀၀ဝိ)             မ (၆)ဦး

၂။ လျှောက်ထားသူသည်-

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။

( ခ) အင်ဂျင်နီယာဘွဲ့ ( မြို့ပြ၊ သတ္တုတူးဖော်ရေး ) (သို့မဟုတ်) မဟာသိပ္ပံဘွဲ့ (သင်္ချာ၊ ဘူမိဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ) (သို့မဟုတ်) မဟာကွန်ပျူတာသိပ္ပံဘွဲ့တစ်ခုခုရရှိထားသူ ဖြစ်ရမည်။

( ဂ) (၂-၇-၂၀၂၁) ရက်နေ့တွင် အသက် (၃၀) နှစ်ထက်မကျော်စေရ၊ ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်အထိ ခွင့်ပြုသည်။

(ဃ) ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါပြည့်စုံသန်စွမ်းသူဖြစ်ရမည်။

၃။ မိုင်(၂၀)လမ်းလျှောက်နိုင်သူဖြစ်ရမည်။

၄။ ကွန်ပျူတာ ကျွမ်းကျင်သူဖြစ်ရမည်။

၅။ Stereo Vision မြင်နိုင်သူဖြစ်ရမည်။

၆။ လျှောက်လွှာပုံစံအား (http://www.surveydepartment.gov.mm/tender/878) တွင် download ရယူနိုင်သည်။

၇။ လျှောက်လွှာနှင့်အတူ

(က) (၆)လအတွင်း ရိုက်ကူးထားသောပတ်စပို့ဓာတ်ပုံ (၂)ပုံ ( နောက်ကျောတွင် အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ရေးသားရန်)၊

( ခ) ဘွဲ့လက်မှတ်မိတ္တူ၊ ( ဂ) အသက်အထောက်အထားအတွက် အခြေခံပညာအထက်တန်းအောင်လက်မှတ်မိတ္တူ၊

(ဃ) ဝန်ထမ်းမဟုတ်သူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြားမူရင်း၊

( င) ဝန်ထမ်းမဟုတ်သူများအတွက်(၆)လအတွင်းရရှိထားသော အကျင့်စာရိတ္တကောင်းမွန် ကြောင်းသက်ဆိုင်ရာရပ်ကွက်နှင့်ရဲစခန်းထောက်ခံချက်မူရင်းတို့ ပူးတွဲပါရှိရမည်။ 

၈။ ဝန်ထမ်းမဟုတ်သူများသည် လျှောက်လွှာများကို ညွှန်ကြားရေးမှူးချုပ်၊ မြေတိုင်းဦးစီးဌာန၊ မြို့ပတ်လမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်သို့လိပ်မူ၍ လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှမှတ်ပုံတင်၍သော်လည်းကောင်း (၂-၇-၂၀၂၁) ရက် (သောကြာ) နေ့ နောက်ဆုံးထား၍ အရောက်ပေးပို့ရမည်။

၉။ ဝန်ထမ်းများသည် လျှောက်လွှာကိုမိမိတာဝန်ထမ်းဆောင်သည့် သက်ဆိုင်ရာဝန်ကြီးဌာနမှ တစ်ဆင့် မြေတိုင်းဦးစီးဌာန၊ မြို့ပတ်လမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်သို့   (၂ - ၇ - ၂၀၂၁) ရက် (သောကြာ) နေ့ နောက်ဆုံးထား၍ အရောက်ပေးပို့ရမည်။

၁၀။ အောက်ပါဘာသာရပ်များပါဝင်သော ရေးဖြေစာမေးပွဲကိုဖြေဆိုရမည်။ ဘာသာရပ်တစ်ခုလျှင် ဖြေဆိုချိန်(၂)နာရီ သတ်မှတ်ပါသည်။

(က) အင်္ဂလိပ်စာ

( ခ) သင်္ချာ

( ဂ) အထွေထွေဗဟုသုတ

၁၁။ ( ၁၀ - ၇ - ၂၀၂၁) ရက် (စနေနေ့) တွင် ရေးဖြေစာမေးပွဲကို နေပြည်တော်၌ ဖြေဆိုရမည်။ ၎င်းနေ့မတိုင်မီ တစ်ရက်ကြိုတင်၍ ဖြေဆိုခွင့်ကတ်ပြားနှင့် ခုံနံပါတ်များကို ထုတ်ပေးမည်။

၁၂။ ပြည့်စုံမှုမရှိသော လျှောက်လွှာများနှင့် သတ်မှတ်ရက်ထက်နောက်ကျပြီးမှ ရောက်ရှိလာသော လျှောက်လွှာများကို အရေးယူဆောင်ရွက်ပေးမည်မဟုတ်ပါ။

၁၃။ အရည်အချင်းစစ် ရေးဖြေစာမေးပွဲအောင်မြင်သူများကိုသာ လူတွေ့စစ်ဆေးခြင်း၊ လမ်းလျှောက် နိုင်စွမ်းစစ်ဆေးခြင်း၊ ကွန်ပျူတာစွမ်းရည်စစ်ဆေးခြင်းနှင့် Stereo Vision စစ်ဆေးခြင်းများပြုလုပ် မည်ဖြစ်ပြီး ဆောင်ရွက်မည့်အစီအစဉ်ကို ထပ်မံ အကြောင်းကြားပါမည်။

၁၄။ အသေးစိတ်သိလိုပါက စီမံခန့်ခွဲရေးဌာနစု၊ မြေတိုင်းဦးစီးဌာန၊ ဖုန်းနံပါတ် (၀၆၇-၃၄၁၃၀၇၂၊ ၀၆၇- ၃၄၁၃၀၇၃၊ ၀၆၇-၃၄၁၃၁၂၈) တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Go to top