သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
မြေတိုင်းဦးစီးဌာန
ဒုတိယဦးစီးမှူးရာထူးအလုပ်လျှောက်ထားသူများအတွက်စာမေးပွဲအချိန်ဇယား
၁။ မြေတိုင်းဦးစီးဌာနမှ ခေါ်ယူထားသော ဒုတိယဦးစီးမှူးရာထူးအတွက်လျှောက်ထားသူများအား ရေးဖြေစာမေးပွဲဖြေဆိုခြင်းနှင့် လူတွေ့စစ်ဆေးခြင်းကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ် သွားပါမည်။
ကျင်းပမည့်နေ့ရက် |
ကျင်းပမည့်အချိန် |
ဘာသာရပ် |
ကျင်းပမည့်နေရာ |
၁၀-၇-၂၀၂၁ (စနေနေ့) |
- နံနက်(၁၀:၀၀)နာရီမှ (၁၂:၀၀)နာရီထိ |
အင်္ဂလိပ်စာ |
မြေတိုင်းဦးစီးဌာန (နေပြည်တော်၊ ရန်ကုန်မြို့၊ ပြင်ဦးလွင်မြို့) |
|
- နေ့လည်(၁၃:၀၀)နာရီမှ (၁၅:၀၀)နာရီထိ |
သင်္ချာ |
|
၁၁-၇-၂၀၂၁ (တနင်္ဂနွေနေ့) |
- နံနက်(၁၀:၀၀)နာရီမှ (၁၂:၀၀)နာရီထိ |
အထွေထွေဗဟုသုတ |
မြေတိုင်းဦးစီးဌာန (နေပြည်တော်၊ ရန်ကုန်မြို့၊ ပြင်ဦးလွင်မြို့) |
|
- နေ့လည်(၁၃:၀၀)နာရီမှ စတင်ပါမည်။ |
လူတွေ့စစ်ဆေးခြင်း |
၂။ လူတွေ့စစ်ဆေးခံယူမည့်သူများသည် မိမိတို့လျှောက်ထားသောရာထူးအတွက် လိုအပ်သော ဘွဲ့လက်မှတ်မူရင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်မူရင်း၊ မိမိတို့ပူးတွဲတင်ပြထားသော ပညာရပ်ဆိုင်ရာအထောက်အထားလက်မှတ်မူရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်မူရင်းများကို ယူဆောင် လာကြရမည်ဖြစ်ပါသည်။