၁။ မြေတိုင်းဦးစီးဌာနမှ ခေါ်ယူထားသော ဒုတိယဦးစီးမှူးရာထူးအတွက်လျှောက်ထားသူများအား ရေးဖြေစာမေးပွဲဖြေဆိုခြင်းကို အောက်ပါအစီအစဉ်အတိုင်းကျင်းပပြုလုပ်သွားပါမည်။
ကျင်းပမည့်နေ့ရက် |
ကျင်းပမည့်အချိန် |
ဘာသာရပ် |
ကျင်းပမည့်နေရာ |
၁၁-၈-၂၀၂၂ (ကြာသပတေးနေ့) |
- နံနက်(၁၀:၀၀)နာရီမှ (၁၂:၀၀)နာရီထိ |
အင်္ဂလိပ်စာ |
မြေတိုင်းဦးစီးဌာန (နေပြည်တော်) |
|
- နေ့လည်(၁၃:၀၀)နာရီမှ (၁၅:၀၀)နာရီထိ |
သင်္ချာ |
|
၁၂-၈-၂၀၂၂ (သောကြာနေ့) |
- နံနက်(၁၀:၀၀)နာရီမှ (၁၂:၀၀)နာရီထိ |
အထွေထွေဗဟုသုတ |
မြေတိုင်းဦးစီးဌာန (နေပြည်တော်) |
၂။ စာမေးပွဲအောင်မြင်ပြီး လူတွေ့စစ်ဆေးခံယူမည့်သူများစာရင်းကို ထပ်မံအကြောင်းကြားပါမည်။ လူတွေ့စစ်ဆေးခံရမည့်သူများသည် မိမိတို့လျှောက်ထားသောရာထူးအတွက် လိုအပ်သော ဘွဲ့လက်မှတ်မူရင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်မူရင်း၊ မိမိတို့ပူးတွဲတင်ပြထားသော ပညာရပ်ဆိုင်ရာအထောက်အထားလက်မှတ်မူရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်မူရင်းများကို ယူဆောင် လာကြရမည်ဖြစ်ပါသည်။