ပြင်ဦးလွင်မြို့၊ မြေတိုင်းဦးစီးဌာန၊ လေ့ကျင့်သင်ကြားရေးနှင့် အမှတ်(၁)မြေတိုင်းဌာနခွဲ၊ မြန်မာနိုင်ငံမြေတိုင်းကျောင်း၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဘောလုံးပြိုင်ပွဲအား အသင်း(၆)သင်းဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ရာတွင် Plane Table FC အသင်းက ပထမ၊ Diagonal Scale FC အသင်းက ဒုတိယ၊ R.T.K FC အသင်းက တတိယ အသီးသီးရရှိခဲ့ကြပြီး ဆုဖလားနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများကို ညွှန်ကြားရေးမှူး (ကျောင်းအုပ်ကြီး)နှင့် သင်တန်းတာဝန်ရှိသူများက ချီးမြှင့်ခဲ့ကြ ပါသည်။
ပြိုင်ပွဲတစ်လျှောက် ဂိုးသွင်းအများဆုံး အားကစားသမား(၁)ဦး၊ အသန့်ရှင်းဆုံး အားကစား သမား(၂)ဦး၊ အကောင်းဆုံးအားကစားသမား (၂)ဦး၊ နောက်တန်းအကောင်းဆုံး အားကစားသမား (၂)ဦးနှင့် အကောင်းဆုံး ဂိုးသမား(၁)ဦးတို့အား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ပါသည်။
English Language
