မြေတိုင်းဦးစီးဌာနမှ အလုပ်လျှောက်လွှာခေါ်ယူခြင်း(၁၂-၆-၂၀၂၄)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
မြေတိုင်းဦးစီးဌာန
နေပြည်တော်
လျှောက်လွှာခေါ်ယူခြင်း

၁။      သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာနတွင် လစ်လပ် လျက်ရှိသော အောက်ဖော်ပြပါ မြေတိုင်း-၅ ရာထူး(၅)နေရာအတွက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီ သူများလျှောက်ထားနိုင်ပါသည်။

စဉ်

ခန့်ထားမည့်ရာထူး

လစာနှုန်း(ကျပ်)

ပညာအရည်အချင်း

လစ်လပ်နေရာ

(က)

မြေတိုင်း(၅)

၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀

ဘွဲ့ရ

(၅)ဦး

၂။       လျှောက်ထားသူများ
          (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
          ( ခ )    ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါပြည့်စုံသန်စွမ်းသူ ဖြစ်ရမည်။
          ( ဂ )    အမျိုးသားများသာ လျှောက်ထားနိုင်သည်။
          (ဃ)    ၁၂ -  ၇ - ၂၀၂၄ ရက်နေ့တွင် အသက်(၃၅)နှစ်ထက် မကျော်လွန်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၄၀)နှစ်ထက်မကြီးသူဖြစ်ရမည်။ (မြေတိုင်းဦးစီးဌာနမှ အမြဲတမ်းဝန်ထမ်း နှင့် နေ့စားဝန်ထမ်းဖြစ်ပါက အသက်ကန့်သတ်ချက်အား လျော့ပေါ့စဉ်းစားပေးမည်)
          ( င )      အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားရမည်။
          ( စ )    အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း(Dismissal)၊ ရာထူးမှထုတ်ပယ်  ခြင်း (Removal)ခံရသူများ၊ ရာထူးခန့်ထားခြင်းမှ အမိန့်စာပယ်ဖျက်ခံရသူများ လျှောက်ထားခွင့်မရှိပါ။
         (ဆ)   ရွေးချယ်ခြင်းခံရပါက အနည်းဆုံး(၇)နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
၃။      လျှောက်လွှာပုံစံအား မြေတိုင်းဦးစီးဌာန၏ Website ဖြစ်သော www.surveydepartment.gov.mm/tender/911 တွင် Download ရယူ၍ လျှောက်လွှာတွင် ပါရှိသည့်အချက်အလက်များကို ပြည့်စုံစွာ ဖြည့်စွက်ပြီး အောက်ဖော်ပြပါ အထောက်အထားများနှင့်အတူ ပူးတွဲလျက် မြေတိုင်းဦးစီးဌာန၊ မြို့ပတ်လမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်သို့ လိပ်မူ၍  ၁၂ -၇-၂၀၂၄ ရက်နေ့ ရုံးချိန်နောက်ဆုံးထား ပေးပို့လျှောက်ထားရမည်- 
         (က)    နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)မိတ္တူ
         ( ခ )    ပညာအရည်အချင်းအောင်လက်မှတ်မိတ္တူ၊ အသက်အထောက်အထားအတွက်တက္ကသိုလ်ဝင် အောင်လက်မှတ်မိတ္တူ၊ (လူတွေ့ဖြေဆိုချိန်တွင် မူရင်းတင်ပြရမည်။)
         ( ဂ )    နိုင်ငံ့ဝန်ထမ်းမဟုတ်ပါက သက်တမ်းရှိ အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ၊ နိုင်ငံ့ ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်း၏ ခွင့်ပြုချက်မူရင်း (လူတွေ့ ဖြေဆိုချိန်တွင် မူရင်းတင်ပြရမည်။)
         (ဃ)    လျှောက်လွှာပိတ်ရက်မတိုင်မီ (၁)လအတွင်း ရိုက်ကူးထားသော ပတ်စပို့အရွယ်ကာလာ ဓာတ်ပုံ(၃)ပုံ။(နောက်ကျောတွင်အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ရေးသား ဖော်ပြရမည်။)
         ( င )   လျှောက်လွှာပိတ်ရက်မတိုင်မီ (၁)လအတွင်း ထုတ်ပေးထားသော အကျင့်စာရိတ္တ ကောင်းမွန်ကြောင်းသက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက် နှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာမြို့နယ်ရဲစခန်း၏ ထောက်ခံချက်မူရင်း၊
        ( စ )   နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် (၁)လအတွင်း ပြုလုပ်ထားသော ကျန်းမာရေး ကောင်းမွန်ကြောင်း ဆေးထောက်ခံစာ၊
၄။      လျှောက်ထားသူများအား လူတွေ့စစ်ဆေးခြင်းကို  ၁၈ -၇-၂၀၂၄ ရက်နေ့တွင် မြေတိုင်းဦးစီးဌာန (ရုံးချုပ်) နေပြည်တော်တွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။
၅။      အရည်အချင်းသတ်မှတ်ချက်နှင့်မကိုက်ညီသူများ၊ ပူးတွဲတင်ပြရမည့်စာရွက်စာတမ်း အချက် အလက် မပြည့်စုံသူများနှင့် သတ်မှတ်ရက်ထက် နောက်ကျသော လျှောက်လွှာများ၊  မှားယွင်း ဖြည့်သွင်းထားသော လျှောက်လွှာများအား ပယ်ဖျက်မည်ဖြစ်ပါသည်။
၆။      လျှောက်လွှာတွင်ဖော်ပြချက်များနှင့် အထောက်အထားစာရွက်စာတမ်းများသည် မှန်ကန်မှု မရှိကြောင်း စစ်ဆေးတွေ့ရှိရပါက ရာထူးခန့်အပ်ပြီး ဖြစ်စေကာမူ ထုတ်ပယ်ခြင်းခံရမည်။
၇။      အသေးစိတ်သိရှိလိုပါက မြေတိုင်းဦးစီးဌာန၊ ဖုန်းနံပါတ် ၀၆၇-၃၄၁၃၀၇၂၊ ၀၆၇-၃၄၁၃၀၇၃၊ ၀၆၇-၃၄၁၃၁၂၈ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။     

 

မြေတိုင်းဦးစီးဌာန၊ နေပြည်တော်

 

Go to top