မြေတိုင်းဦးစီးဌာန(ရန်ကုန်) အစည်းအဝေးခန်းမ၌၊ ဌာနအကြီးအကဲများနှင့် ဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲ (ဒါဘာ)အခမ်းအနား ကျင်းပပြုလုပ်ခြင်း(၂-၇-၂၀၂၄)

       ၂-၇-၂၀၂၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြေတိုင်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌၊ ဌာနအကြီးအကဲများနှင့် ဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲ (ဒါဘာ)အခမ်းအနား ပြုလုပ်ဆောင်ရွက်ရာ ညွှန်ကြားရေးမှူးချုပ် ဦးစိန်မင်း၊ ဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ရုံးစည်းကမ်းဆိုင်ရာကိစ္စရပ်များ၊ ရုံးဝန်းသန့်ရှင်း သာယာလှပရေးဆိုင်ရာကိစ္စရပ်များနှင့် မြေတိုင်းပညာရပ်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး မြေတိုင်းဦးစီးဌာန(ရန်ကုန်)ရှိ ဌာနခွဲအသီး သီးတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း၊ အမှုထမ်းတို့မှ လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲများ တင်ပြခဲ့ကြသည့်အပေါ် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

Go to top