၃-၉-၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (One Map Myanmar) အကောင်အထည်ဖော်ရေးနှင့်နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ကို အထောက်အကူ ပြုစေရေးအတွက် ဖွဲ့စည်းထားသည့် Web Development Team ၊ GIS Team နှင့် ICT Infrastructure Development Team တို့၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိန်မင်း တက်ရောက်အဖွင့်အမှာစကား ပြောကြားပါသည်။
ထို့နောက် ICT Infrastructure Development Team ၏ အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးဝင်းရွှေ၊ GIS Team အဖွဲ့ခေါင်းဆောင် ဦးကျော်ဌေးနှင့် Web Development Team အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးဌေးလှိုင်တို့မှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။
နေ့လည်ပိုင်းတွင် ဗိုလ်မှူးထွန်းမြင့်အောင်မှ GIS Team ၏ လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေ၊ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (One Map Myanmar) အကောင်အထည် ဖော်ရေးနှင့်နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့၏ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး သိန်းဖေမြင့်မှ One Map Myanmar Geoportal တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် ဗိုလ်မှူးရဲနိုင်သိမ်းမှ One Map Myanmar Geoportal အား NCSC နှင့် ပူးပေါင်း၍ Penetration Testing စမ်းသပ်ပြီးစီးမှု အခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ Team အဖွဲ့များတွင်ပါဝင်သည့် ဦးစီးဌာနအသီးသီးမှ အရာရှိကြီးများ၊ Online မှ တက်ရောက်လျက်ရှိသော အရာရှိကြီးများမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ညနေ ၄:၃၀ အချိန်တွင် ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်စကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။