မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar)ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ ဆဋ္ဌမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း(၁၅-၁-၂၀၂၅)

      ၁၅-၁-၂၀၂၅ ရက်နေ့၊ နံနက် ၉:၃၀ အချိန်တွင် မြေတိုင်းဦးစီးဌာန၊ One Map Myanmar အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar)ရေးဆွဲအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ ဆဋ္ဌမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်အဖွင့်အမှာစကား ပြောကြားပါသည်။

          ထို့နောက် မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး၏ ဆုံးဖြတ်ချက်များအား ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ စီမံကိန်းလုပ်ငန်းပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး One Map Myanmar Geoportal တည်ဆောက်ပြီးစီးမှုကို Video Clip ဖြင့် တင်ပြခဲ့ပါသည်။

          ဆက်လက်၍ တက်ရောက်လာသော မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar)ရေးဆွဲအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ အဖွဲ့ဝင်များမှ ဖြည့်စွက်အကြံပြု ဆွေးနွေးခဲ့ကြပြီး နေ့လည် ၁၂:၀၀ အချိန်တွင် ဒုတိယဝန်ကြီးက နိဂုံးချုပ်စကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

          အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar)ရေးဆွဲအကောင် အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ အဖွဲ့ဝင်များဖြစ်ကြသည့် တပ်မတော်နှင့်ဦးစီးဌာနအသီးသီးမှ အဆင့်မြင့်အရာရှိကြီးများ၊ ရှမ်းတိုင်းရင်းသားကိုယ်စားလှယ်၊ ကရင်တိုင်းရင်းသားကိုယ်စားလှယ်နှင့် အထူးဖိတ်ကြားထားသည့် One Map Myanmar Technical Team မှ အဖွဲ့ခေါင်းဆောင်များ၊ နည်းပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။

Go to top