နောက်ခံသမိုင်း
ဖွဲ့စည်းပုံနှင့်ဝန်ထမ်းအင်အား
မြေပုံထုတ်လုပ်ရေးဌာနခွဲ၏ ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့အထိ ဖွဲစည်းပုံနှင့်ဝန်ထမ်းအင်အားမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ဖွဲ့စည်းပုံဇယား
ဝန်ထမ်းအင်အား
|
ဖွဲ့စည်းပုံအရခွင့်ပြုအင်အား |
ခန့်ထားအင်အား |
လစ်လပ်အင်အား |
အရာထမ်း အမှုထမ်း |
၁၆ ၂၆၆ |
၁၁ ၆၅ |
၅ ၂၀၁ |
စုစုပေါင်း |
၂၈၂ |
၇၆ |
၂၀၆ |
မူဝါဒ/ရည်မှန်းချက်များ
မြေပုံထုတ်လုပ်ရေးဌာနခွဲ၏ မူဝါဒ၊ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(၁) တိကျမှန်ကန်၍ အရည်အသွေးကောင်းမွန်သော မြေပုံများ ရေးဆွဲပုံနှိပ် ထုတ်လုပ်ပေးခြင်းဖြင့် မြေတိုင်းဦးစီးဌာန
၏ မြေပုံရေးဆွဲထုတ်လုပ်ခြင်း မူဝါဒများကို အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုရန်၊
(၂) ပြောင်းလဲနေသောခေတ်စံနစ်နှင့်အညီ အမှီလိုက်၍ ခေတ်မှီနည်းပညာနှင့် စက်ကိရိယာများဖြင့်အရည်အသွေး
ကောင်းမွန်သောမြေပုံများကို အချိန်နှင့်တစ်ပြေးညီ ရေးဆွဲထုတ်လုပ်ပေးရန်၊
(၃) ဝန်ထမ်းများ၏ မြေပုံရေးဆွဲခြင်းနှင့် မြေပုံ-ပုံနှိပ်ခြင်းဆိုင်ရာ နည်းပညာနှင့် ကျွမ်းကျင်မှုစဉ်ဆက်မပြတ်တိုးတတ်
နေစေရန် လေ့ကျင့်သင်ကြားပေးခြင်း၊
(၄) အများပြည်သူသုံး မြေပုံအမျိုးအစားများကို တိုးချဲ့ရေးဆွဲ ထုတ်လုပ်ပေးရန်၊