နောက်ခံသမိုင်း
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှအတွင်း တွင်တည်ရှိပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့ နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပါသည်။ ကုန်းပိုင်းနယ်နိမိတ်များအား နယ်နိမိတ်တိုင်းတာရေးနှင့် မြို့ပြဆောက်လုပ်ရေးမြေတိုင်းဌာနခွဲမှ အဓိကတာဝန်ယူတိုင်းတာသတ်မှတ်ပြီး၊ ရေပိုင်းနယ်နိမိတ် (ဥပမာ-နတ်မြစ်နယ်နိမိတ်၊ မဲခေါင်မြစ်ကြောင်းနယ်နိမိတ်၊ မဲဆိုင်-မဲဟောက် ချောင်းနယ်နိမိတ်) နှင့် ပင်လယ်ပြင်နယ်နိမိတ်များကို ရေတပ်ပင်မတိုင်းတာရေးတပ်မှ အဓိကတာဝန် ယူတိုင်းတာသတ်မှတ်ခြင်း ဆောင်ရွက် ပါသည်။ နယ်နိမိတ်တိုင်းတာရေးနှင့် မြို့ပြဆောက်လုပ်ရေးမြေတိုင်းဌာနခွဲသည် ၁၉၉ဝ ခုနှစ်၊ ဧပြီလ (၂ဝ) ရက် နေ့တွင်စတင်ဖွဲ့စည်းခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာနအောက်ရှိ ဌာနခွဲတစ်ခု ဖြစ်ပါသည်။
နယ်နိမိတ်တိုင်းတာရေးနှင့် မြို့ပြဆောက်လုပ်ရေး မြေတိုင်းဌာနခွဲ စတင်ဖွဲ့စည်းစဉ် မှ ယနေ့အထိ အောက်ဖေါ်ပြပါ အရာထမ်းများမှ တာဝန်ထမ်းဆောင်ခဲ့ကြပါသည်။
စဉ် | အမည် | ရာထူး | ကာလ |
၁။ | ဦးမြမောင် | ဒုတိယညွန်ကြားရေးမှူး | ၂၂ - ၅ - ၁၉၉ဝ မှ ၂၄ -၇ -၁၉၉၁ အထိ |
၂။ | ဦးမြမောင် | ညွန်ကြားရေးမှူး | ၂၅ -၂ - ၁၉၉၁ မှ ၂ - ၅ - ၁၉၉၃ အထိ |
၃။ | ဦးအောင်သန်း | ညွန်ကြားရေးမှူး | ၃ - ၅ - ၁၉၉၅ မှ ၉ - ၁၁ - ၁၉၉၄ အထိ |
၄။ | ဦးမြင့်သိန်း | ညွန်ကြားရေးမှူး | ၁၆ - ၂ - ၁၉၉၅ မှ ၃၁ - ၁ - ၂ဝဝ၁ အထိ |
၅။ | ဦးညီထူး | ညွန်ကြားရေးမှူး | ၂၂ - ၆ - ၂ဝဝ၁ မှ ၂၇ - ၅ - ၂ဝဝ၂ အထိ |
၆။ | ဦးညိုဝင်း | ညွန်ကြားရေးမှူး | ၁၄ - ၁၁ - ၂ဝဝ၂ မှ ၃၁ - ၈ - ၂ဝ၀၅ အထိ |
၇။ | ဦးကျော်ဆွေ | ညွန်ကြားရေးမှူး | ၂၅ - ၁ - ၂ဝဝ၆ မှ ၃ဝ - ၈ - ၂ဝ၁၂ အထိ |
၈။ | ဦးအောင်ကျော်သန်း | ညွန်ကြားရေးမှူး | ၁ဝ - ၁ဝ - ၂ဝ၁၂ မှ ၃ - ၉ - ၂ဝ၁၃ အထိ |
၉။ | ဦးသက်ဦး | ညွန်ကြားရေးမှူး | ၁ - ၆ - ၂ဝ၁၃ မှ ၁၅ - ၁ - ၂၀၁၅ အထိ |
၁၀။ | ဦးအောင်မိုး | ညွန်ကြားရေးမှူး | ၁၆ - ၁ - ၂ဝ၁၅ မှ ၂၀၁၆ အထိ |
၁၁။ | ဦးစိန်မင်း | ညွန်ကြားရေးမှူး | ၁ - ၉ -၂၀၁၆ မှ ၁-၁၀-၂၀၁၇ အထိ |
၁၂။ | ဦးဇေယျာထွေး | ညွန်ကြားရေးမှူး | ၂-၁၀-၂၀၁၇ မှ ၅-၉-၂၀၂၃ အထိ |
၁၃။ | ဦးဌေးလှိုင် | ညွန်ကြားရေးမှူး | ၁၈-၁၀-၂၀၂၃ မှ ယနေ့အထိ |
ဖွဲ့စည်းပုံနှင့်ဝန်ထမ်းအင်အား
နယ်နိမိတ်တိုင်းတာရေးနှင်မြို့ပြဆောက်လုပ်ရေးမြေတိုင်းဌာနခွဲ၏ ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့အထိ ဖွဲစည်းပုံနှင့် ဝန်ထမ်းအင်အားမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ဖွဲ့စည်းပုံဇယား
ဝန်ထမ်းအင်အား
|
ဖွဲ့စည်းပုံအရခွင့်ပြုအင်အား |
ခန့်ထားအင်အား |
လစ်လပ်အင်အား |
အရာထမ်း အမှုထမ်း |
၁၃ ၂၂၂ |
၁၃ ၃၃ |
- ၁၈၉ |
စုစုပေါင်း |
၂၃၅ |
၄၆ |
၁၈၉ |
မူဝါဒ/ရည်မှန်းချက်
နယ်နိမိတ်တိုင်းတာရေးနှင့် မြို့ပြဆောက်လုပ်ရေးမြေတိုင်းဌာနခွဲ၏ မူဝါဒ/ရည်မှန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်
(၁) နိုင်ငံတော်မှလိုအပ်သောစီမံကိန်းမြေပုံ (Project Map) များအားစကေးအမျိုးမျိုးဖြင့် တိကျမှန်ကန်စွာ တိုင်းတာ
ရေးဆွဲထုတ်လုပ်ပေးရန်၊
(၂) နိုင်ငံတော်၏ ပိုင်နက်နယ်နိမိတ်ကို လျော့ပါးမှုမရှိစေဘဲ တိကျမှန်ကန်စွာ တိုင်းတာ သတ်မှတ်ပေးရန်။