ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာန၊ မြန်မာနိုင်ငံ မြေတိုင်းကျောင်း၌ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ တန်းမြင့်မြေတိုင်းသင်တန်းအမှတ်စဉ်(၆၃)နှင့် အခြေခံ မြေတိုင်းသင်တန်းအမှတ်စဉ်(၇၄)တို့၏ သင်တန်းဖွင့်ပွဲကို ၂၀၁၅ ခုနှစ်၊ ဇွန်လ(၄)ရက်နေ့တွင် ပြင်ဦးလွင်မြို့ရှိ အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံမြေတိုင်းကျောင်း၊ ညွှန်ကြားရေးမှူး(ကျောင်းအုပ်ကြီး) ဦးသန်းကျော်မှ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းများသို့ မြေတိုင်းဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ တန်းမြင့်မြေတိုင်းသင်တန်းသား (၂၀)ဦးနှင့် အခြေခံမြေတိုင်းသင်တန်းသား(၁၀၆)ဦး တက်ရောက်ကြပါသည်။ သင်တန်းကာလမှာ တန်းမြင့်မြေတိုင်းသင်တန်းအတွက် (၈)လနှင့် အခြေခံမြေတိုင်းသင်တန်းအတွက် (၆)လ ကြာမြင့်မည် ဖြစ်ပါသည်။