သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
မြေတိုင်းဦးစီးဌာန
အလုပ်လျှောက်ထားသူများအား လူတွေ့စစ်ဆေးမည့်ကိစ္စ
၁။ မြေတိုင်းဦးစီးဌာနမှ ခေါ်ယူသော စာရင်းကိုင်(၄)၊ အငယ်တန်းစာရေး၊ ယာဉ်မောင်း(၅)၊ အစောင့်၊ သန့်ရှင်းရေးအကူ ရာထူးလျှောက်ထားသူများအား လူတွေ့စစ်ဆေးခြင်းကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားပါမည်။
ကျင်းပမည့်နေ့ရက် |
- |
၃ - ၇ -၂၀၂၁ (စနေနေ့) |
ကျင်းပမည့်အချိန် |
- |
နံနက် ( ၉ : ၃၀) နာရီ |
ကျင်းပမည့်နေရာ |
- |
မြေတိုင်းဦးစီးဌာန (နေပြည်တော်၊ ရန်ကုန်မြို့၊ ပြင်ဦးလွင်မြို့) |
၂။ လူတွေ့စစ်ဆေးခံယူမည့်သူများသည် ဘွဲ့လက်မှတ်မူရင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင် လက်မှတ်မူရင်းတို့ကို ယူဆောင်လာကြရမည်ဖြစ်ပါသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
မြေတိုင်းဦးစီးဌာန
အလုပ်လျှောက်ထားသူများအား လူတွေ့စစ်ဆေးမည့်ကိစ္စ
၁။ မြေတိုင်းဦးစီးဌာနမှခေါ်ယူသော လုပ်သား(ကွင်း)၊ လုပ်သား(စက်) ရာထူးလျှောက်ထားသူများအား လူတွေ့စစ်ဆေးခြင်းကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားပါမည်။
ကျင်းပမည့်နေ့ရက် |
- |
၄ - ၇ -၂၀၂၁ (စနေနေ့) |
ကျင်းပမည့်အချိန် |
- |
နံနက် ( ၉ : ၃၀) နာရီ |
ကျင်းပမည့်နေရာ |
- |
မြေတိုင်းဦးစီးဌာန (နေပြည်တော်၊ ရန်ကုန်မြို့၊ ပြင်ဦးလွင်မြို့) |
၂။ လူတွေ့စစ်ဆေးခံယူမည့်သူများသည် ပညာအရည်အချင်းအထောက်အထားမူရင်း၊ ယာဉ်မောင်းလိုင်စင်မူရင်းတို့ကို ယူဆောင်လာကြရမည်ဖြစ်ပါသည်။