မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် Web Development Team ၊ GIS Team နှင့် ICT Infrastructure Development Team တို့၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (One Map Myanmar) အကောင်အထည်ဖော်ရေးနှင့် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ကို အထောက်အကူပြုစေရေးအတွက် ဖွဲ့စည်းထားသည့် Web Development Team ၊ GIS Team နှင့် ICT Infrastructure Development Team တို့၏ ဆဋ္ဌမ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေး ခန်းမ၌ ၃-၉-၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကျင်းပရာ မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိန်မင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် ICT Infrastructure Development Team  အဖွဲ့၊ GIS Team အဖွဲ့နှင့် Web Development Team အဖွဲ့များ၏ ခေါင်းဆောင်များမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအားလည်းကောင်း၊ GIS Team ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေ၊ One Map Myanmar Geoportal တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် One Map Myanmar Geoportal အား NCSC နှင့်ပူးပေါင်း၍ Penetration Testing စမ်းသပ်ပြီးစီးမှုအခြေအနေတို့အား သက်ဆိုင်ရာတာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့မှုအပေါ် တက်ရောက်လာသော Team အဖွဲ့ဝင် တာဝန်ရှိသူများမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ညနေ ၄:၃၀ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

Go to top