ArcGIS Enterprise Name User: GIS Professional Advanced Software အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း

         မြေတိုင်းဦးစီးဌာန၊ One Map Myanmar အစည်းအဝေးခန်းမ၌ “ArcGIS Enterprise Name: User GIS Professional Advanced Software အသုံးပြုနည်းသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၇)ရက်၊ တနင်္လာနေ့ နံနက် ၁၀:၀၀ နာရီတွင် ကျင်းပရာ မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိန်မင်း တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားပါသည်။

          သင်တန်းဖွင့်ပွဲသို့ မြေတိုင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (One Map Myanmar) စီမံကိန်းအား ဆောင်ရွက်နေသည့် Technical Team မှ ပညာရှင်များ၊ သင်တန်းဆရာများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းသား/သင်တန်းသူ (၂၁)ဦးဖြင့် ၇-၁၀-၂၀၂၄ ရက်မှ ၁၁-၁၀-၂၀၂၄ ရက်အထိ (၅)ရက်ကြာ စာတွေ့လက်တွေ့ပို့ချသွားမည်ဖြစ်ပါသည်။

Go to top