တင်ဒါဖွင့်ဖောက်ကြေညာပွဲအား ပြောင်းလဲကျင်းပမည်ဖြစ်ကြောင်း ကြေညာခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာန၊ စီမံခန့်ခွဲမှုကော်မတီ၏ (၁၀-၄-၂၀၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် (၄/၂၀၁၉) ကြိမ်မြောက်အစည်းအဝေးမှ ဆုံးဖြတ်ချက်အရ မြေတိုင်းဦးစီးဌာန၏ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဝယ်ယူရမည့်ပစ္စည်းများအနက် တတိယ (၃)လပတ် နှင့် စတုတ္ထ (၃)လပတ်တို့အတွက် လုပ်ငန်းသုံး ပစ္စည်းများစိစစ်ဝယ်ယူခြင်း အိတ်ဖွင့်တင်ဒါများနှင့်ပတ်သက်၍ အိတ်ဖွင့်တင်ဒါများအား (၁၂-၄-၂၀၁၉) ရက်နေ့ အစား (၂၃-၄-၂၀၁၉) ရက်နေ့ (၁၂:၀၀)နာရီတွင် နောက်ဆုံးထား၍ လက်ခံမည်ဖြစ်ပြီး (၁၄:၀၀)နာရီတွင် တင်ဒါဖွင့်လှစ်မည်ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။

 

Go to top