သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
မြေတိုင်းဦးစီးဌာန
အိတ်ဖွင့်တင်ဒါနှင့်ပတ်သက်၍ ကြေညာခြင်း
၁။ မြေတိုင်းဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် တတိယ (၃) လပတ်အတွက် တင်ဒါခေါ်ယူထားသည့် လုပ်ငန်သုံးပစ္စည်း (၄)မျိုးအနက် အောက်ဖော်ပြပါ ပစ္စည်း (၃)မျိုး ဝယ်ယူခြင်းအား ပယ်ဖျက်ပါသည်။
| စဉ် | ပစ္စည်းအမျိုးအမည် | အရေအတွက် | 
| (က) | Total Station (Survey Grade) | ( 3 ) Sets | 
| ( ခ ) | Collimator Set Up | ( 2 ) Sets | 
| ( ဂ ) | Dell Storage Server (500 TB) | ( 1 ) Set | 
၂။ မြေတိုင်းဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် တတိယ (၃) လပတ်အတွက် တင်ဒါခေါ်ယူထားသည့် လုပ်ငန်သုံးပစ္စည်း (၄)မျိုးအနက် အောက်ဖော်ပြပါ ပစ္စည်း (၁)မျိုးအား ဌာနအရောက်တန်ဖိုး (D.D.P) (နေပြည်တော်)၊ မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသည်။
| စဉ် | ပစ္စည်းအမျိုးအမည် | အရေအတွက် | 
| (က) | Arc GIS Workstation | (21) Sets | 
၃။ အိတ်ဖွင့်တင်ဒါများအား ( ၈- ၅- ၂၀၁၉) ရက်နေ့ (၁၂:၀၀) နာရီတွင် နောက်ဆုံးထား၍ လက်ခံမည်ဖြစ်ပြီး (၁၄:၀၀) နာရီတွင် တင်ဒါဖွင့်လှစ်ပါမည်။
၄။ အိတ်ဖွင့်တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို အောက်ပါလိပ်စာတွင် ရယူနိုင်ပါမည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
မြေတိုင်းဦးစီးဌာန၊ 
မြို့ပတ်လမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်
ဖုန်း - ၀၆၇-၃၄၁၃၄၃၃၊  ၀၆၇-၃၄၁၃၀၇၃
 
			 English Language
English Language
